Showing posts with label အသင်းအကြောင်း. Show all posts
Showing posts with label အသင်းအကြောင်း. Show all posts

Sunday, 3 February 2013

အောင်မင်္ဂလာဓမ္မရိပ်သာ (မလေးရှား)

ဤအရပ်သည် ဗုဒ္ဓသာသနာတော် ထွန်းကားသော အရပ်ဒေသတစ်ခုမဟုတ်။ ငါးရက်တန်သည်၊ ခုနစ်ရက်တန်သည် ကျင်းပရသော ညအိပ်တရားစခန်းပွဲမျိုး ဤအရပ်၌ မရှိခဲ့စဖူး။ တစ်ရက်တစ်လေသာ ကျင်းပရသည့် မင်္ဂလာဧည့်ခံပွဲများသည်ပင် ဤအရပ်တွင် ထင်ထင်ပေါ်ပေါ် မရှိနိုင်ရှာခဲ့ကြ။ မှန်၏။ ဤအရပ်၌ရောက်ရှိနေကြသည့် ရွှေအများစုမှာ မအိုချင်ပဲ အို (over stay) နေကြရ သူများ ဖြစ်သည့်အလျောက် လူစုလူဝေးဖြင့် ဆောင်ရွက်ရသော ကိစ္စများကို ကာလအတန်ကြာ သိုသိုသိပ်သိပ်သာ ဆောင်ရွက်ခဲ့ကြရ ရှာလေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှစ၍ ဤအရပ်၌ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးကျောင်းများ ပေါ်ပေါက်လာ ခဲ့ကြ၏။ ရွှေမြန်မာတို့အဖို့ အိုအေစစ်ကလေးများ သဖွယ်ပေတည်း။ သို့သော်.. သူများပြည်ရွာတွင် လွတ်လပ်စွာ သွားလာခွင့်ပျောက်ဆုံး လျက် အလုပ်ကြားတွင်သာ ဘဝကိုမြှုပ်နှံထားကြရရှာသူများပီပီ အိုအေစစ်တို့အနား ယောင်၍မျှ မရောက်ဖူးသူက များခဲ့ကြရရှာပြန်လေသည်။
 

 
ရွှေတို့၏ ကံဇာတာ တကြော့ပြန်ကောင်းလာတော့မည့် ရှေးပြေးအတိတ်နိမိတ်ဟု သတ်မှတ်နိုင်မည့် အရိပ်နိမိတ်များ မကြာသေးမီက အလျှိုအလျှိုပေါ်ပေါက်လာခဲ့ကြ၏။ ထိုအထဲတွင် မလေးရှားရောက် ရွှေတို့အတွက် ပတ်စပို့ကိစ္စကို သက်ဆိုင်ရာများက စီစဉ်ဆောင် ရွက်ပေး ခဲ့ကြခြင်းလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့၏။ အိုဘဝဖြင့် နေရသည်ထက် အနေအစား အသွားအလာ ချောင်လည် လာ စေနိုင်မည့် စီမံချက်ဖြစ်ပေရာ မလေးငွေ ခြောက်ရာ ခုနစ်ရာ ကုန်ကြရစေကာမူ ဝမ်းသာအားရ လိုက်နာဆောင်ရွက်ခဲ့ကြ၏။ မည်သို့ဆိုစေ.. ထို၏အကျိုးဆက်အဖြစ် မလေးရှားမှာ ဖူးစာလာဆုံကြသူတို့၏ မင်္ဂလာပွဲများမှ အခါတော်ပေး တေးသံများကြားခွင့် ရလာကြ၏။ အိုဘဝဖြင့် ဈေးနှိမ်ခံရသူများလည်း လစာကလေး အထိုက်အလျောက် တိုး၍ရလာကြ၏။ ညတရားပွဲ၊ ကထိန်ပွဲစသည်များ ကိုလည်း စည်စည်ကားကား ကျင်းပနိုင်လာခဲ့ကြ၏။ အိုအေစစ်တို့အနား လူသူစည်ကားစပြုလာခြင်းပေတည်း။
 
 
မိုးကုတ်မှထွက်သော ပတ္တမြားတို့သည်

Saturday, 8 December 2012

အကျိုးတော်ဆောင် အသင်းသားများ

အသင်းအကျိုးတော်ဆောင် အဖွဲ့

အမှတ်တံဆိပ်

သာသနာ့ရောင်ခြည် အကျိုးတော်ဆောင်အဖွဲ့ အမှတ်တံဆိပ်